အားနားပါနာနဲ့ ခေါင်းမညိမ့်လိုက်ပါနဲ့…

 
အားနားပါနာနဲ့ ခေါင်းမညိမ့်လိုက်ပါနဲ့… 😊 😊
Don’t Say “Yes” Unless You Mean It 😊 😊
😊 ခင်ရာဆွေမျိုး၊ မိန်ရာ ဟင်းကောင်း ဆိုတဲ့ ဆိုရိုးစကားတစ်ခု ရှိကြတယ်မဟုတ်ပါလား…
ကျွန်တော်တို့လဲ ထုတ်ဖော်မပြောပေမယ့် ငယ်ကတည်းက ဆက်ဆံ ပေါင်းသင်းလာကြတဲ့ လူတွေထဲက အချစ်ဆုံး အခင်ဆုံး အသိမိတ်ဆွေ သူငယ်ချင်း အပေါင်းအဖော်တွေ ရှိကြစမြဲပါပဲ…
😊 အဲလိုပဲ ကိုယ့်ရဲ့ ခင်မင်ရတဲ့သူ၊ ကိုယ့်အပေါ်မှာလဲ ကျေးဇူးရှိတဲ့သူ လူမျိုးတွေကို အိမ်ခေါ် ထမင်းဖိတ်ကျွေးချင်ကြတယ်…သူတို့ရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးချင်ကြတယ်… သူတို့ မရောက်ဖူးတဲ့ နေရာကို လိုက်ပို့ချင်ကြတယ်… သူတို့ မစားဖူးတဲ့ အစားအစာတွေ ကို ကျွေးချင်ကြတယ်… သူတို့ရဲ့အလုပ်တွေကို ခွဲဝေ လုပ်ပေးချင်ကြတယ်…
ဒါနဲ့ ဟဲ့ နင်ငါတို့မြို့၊ ငါတို့ရွာ ရောက်ရင် အိမ်မှာတည်းနော်… နင့်ကို ဘယ်နေရာကို လိုက်ပို့ပေးမယ်… နင်အလုပ်တွေကို တစ်ရက်နဲ့ ငါပြီးအောင် လုပ်ပေးမယ်… ရတယ် ငါရှင်းလိုက်မယ်ပေါ့… ဒီလို လွယ်လွယ်လေးနဲ့ လောကွက်ချော် ကြတဲ့သူတွေ များကြပါတယ်… ဒါဟာလဲ ကိုယ့်ရဲ့ အသိမိတ်ဆွေ ခင်မင်ရင်းနှီးသူ တစ်ဦးကို သူတို့ရဲ့ စိတ်ဆန္ဒ တွေကို ကူညီ ရိုင်းပင်ချင်ကြလို့ပါပဲ… သူတို့ကို ကူညီလိုက်ရတဲ့ ပီတိ၊ပျော်ရွှင်ကျေနပ်မှု၊ ကြည်နူးမှုတွေဟာ ဘယ်အရသာနဲ့မှ မတူပါဘူး…
😊 ဒါပေမယ့် အဲလိုပြောလိုက်တဲ့ စကားဟာ အဲဒီအချိန်မှာပင် ပြီးသွားတာ မဟုတ်ပါဘူး… နောင်တစ်ချိန် သူက ကိုယ့်အရပ်ဒေသကို လာလည်ချင်တာပဲဖြစ်ဖြစ်၊ လမ်းကြုံလို့ ဝင်ချင်တာပဲဖြစ်ဖြစ်၊ တစ်ရက်တည်း မပြီးတဲ့ သူ့အလုပ်တွေ ကို ကူညီ လုပ်ပေးတာပဲဖြစ်ဖြစ် ကိုယ်က ပြောခဲ့တဲ့ စကားကို တာဝန်ယူရဖို့ လိုပါတော့တယ်…
အဲဒီအခါမှာ ကိုယ့်က အရင်ပြောထားတဲ့အတိုင်း တာဝန်မကျေဘူးဆိုရင် ကိုယ့်ဟာကိုယ် စိတ်ဒဏ်ရာ ခံစားရတတ်ပါတယ်… ငါဟာ သူ့ကို မကူညီနိုင်လိုက်ရလို့ ငါမှာ အပြစ်ရှိတယ် ဆိုပြီး စိတ်မချမ်းသာ စရာ တစ်ခုအနေနဲ့ ကျန်ခဲ့တော့မှာပါ… သို့သော် ကိုယ့်အပေါ်၊ ကိုယ့်အခက်အခဲကို နားလည် သိတတ်တဲ့ သူငယ်ချင်း အပေါင်းအသင်း မိတ်ဆွေ ဆိုရင်တော့ တစ်မျိုး … ဒါပေမယ့် နှစ်ဦးနှစ်ဖက်လုံး မျက်နှာ ပျက်စရာတွေ ဖြစ်တတ်ပါတယ်… သူအတွက် ရော ကိုယ့်အတွက်ပါ အားနာစရာတွေ ဖြစ်နေစေမှာပါ…
--
😊 ဒီလို အကြောင်းအရာမျိုးကို လေ့လာကြည့်တဲ့အခါမှာ လူတွေဟာ ဘာကြောင့် ဒီလို အလွယ်တကူ ခေါင်းညိတ်မိတတ်တာလဲ ဆိုတာကို စဉ်းစားကြည်မယ့်ဆိုရင် ဒီအောက်က အချက်(၃)ချက် လို့ ဆိုကြပါတယ်....
၁) - သူတစ်ပါးသဘောကျဖို့၊ နှစ်သက် လက်ခံကြစေဖို့
၂) - သူတစ်ပါး စိတ်ထိခိုက်မှာ စိုးရိမ်လို့
၃) - သူ့တစ်ပါးအပေါ် ကိုယ့်ရဲ့ ကျေးဇူးလေး ရှိထားစေချင်လို့
😊 ဆရာဖေမြင့် ရဲ့စာအုပ်ထဲမှာတော့ မဖြစ်နိုင်တာတွေ မသေချာ မရေရာတာတွေကို မိမိက ဘယ်လောက် စေတနာ ရှိရှိ၊ စိတ်ဆန္ဒ ပြင်းပြနေပါစေ အလွယ်တကူ ခေါင်းမညိမ့် ပါနဲ့၊ အကူအညီတောင်းလာတဲ့ အခြေအနေ၊ အကြောင်းအရာ တွေပေါ်မူတည်ပြီး လုပ်ပေးနိုင်မှသာ တာဝန်ခံပါ၊ ခေါင်းညိတ်ပါ လို့ ဆိုထားပါတယ်…
နောက်ပြီး အောက်မှာ ဖော်ပြထားတဲ့ တောင်းဆိုမှု(၅)မျိုးလိုမျိုးဆိုလျှင် အပြတ်သာ ညင်းပယ်လိုက်ပါ ဆိုပြီး ပြောထားပါသေးတယ်… အဲဒါတွေကတော့
၁) ကိုယ့်ကိုယ် မလေးမစား မတူမတန်နဲ့ အားမနာ ပါးမနာ အကူအညီ တောင်းခြင်းမျိုး
၂) မိမိတန်ဖိုးထားတဲ့ ကျင့်ဝတ် စည်းမျဉ်း၊ စည်းကမ်း တွေကို ဖောက်ဖျက်တဲ့ တောင်းဆိုမှုမျိုး
၃) သူလုပ်ရမယ့် ကိစ္စကို ကိုယ့်ကို ခိုင်းစေလာတဲ့ တောင်းဆိုမှုမျိုး
၎) အခြားသူများအား အနှောက်အယှက် ဖြစ်သွားနိုင်သည့် တောင်းဆိုမှုမျိုး
၅) လက်တွေ့မကျတဲ့ တောင်းဆိုမှုမျိုး တို့ပဲ ဖြစ်ပါတယ်…
ဆက်လက် ဖော်ပြပါအုံးမည်…
လူမှု ဆက်ဆံရေးနှင့် ပတ်သက်သော Post တွေကို မျှဝေပေး လျှက်ပါ... 👍 👍
---
ကျေးဇူးတင်ပါသည်။
#MinYarSoe
1:00am 21 Sat 2018

No comments

Powered by Blogger.