ကဲ့ရဲ့ ဝေဖန် မှုတွေ ကို မှန်ကန် စွာ တုံ့ပြန်နည်း

ကဲ့ရဲ့ ဝေဖန် မှုတွေ ကို မှန်ကန် စွာ တုံ့ပြန်နည်း
>>>>><<<<<
ဆိုရုံး စကား တစ်ခု ရှိပါပကောလား… အပင်မြင့်လေ လေတိုက်ခံ ရလေ ဆိုတာ…လူတိုင်း လူတိုင်း အောင်မြင် လို့ပဲ ဖြစ်ဖြစ် ရှုံးနိမ့် လို့ပဲ ဖြစ်ဖြစ် ပတ် ဝန်းကျင် ရဲ့ ကဲ့ရဲ့ ဝေဖန် မှုတွေ အများစုမှာ ခံရကြ ပါတယ်… ကဲ့ရဲ့ ဝေဖန် မှုတွေကို ကိုင်တွယ် ဖြေ ရှင်း တဲ့ အခါမှာ မိမိ ကိုယ် ယုံကြည်မှု ရှိပြီး တော်ကြောင်း တတ်ကြောင်း ကို ပြောဆို တတ်ဖို့ လွန်စွာ လိုအပ် လှပါတယ်…
ကဲ့ရဲ့ ဝေဖန် မှုတွေကို ကိုင်တွယ် ဖြေရှင်း တဲ့အခါမှာ နည်းလမ်း (၃) မျိုး နဲ့ ဖြေရှင်း နိုင်ပါတယ်…
နံပါတ် (၁)
သူပြု သမျှ နု၍ မတုန် မလှုပ် နေခြင်း (Passively)
ဒီလို လူမျိုးတွေဟာ ပြသနာ နဲ့ ကြုံတွေ လာပြီ ဆိုလျှင် ရင်ဆိုင် လိုစိတ် ရှိမှာ မဟုတ်ပါ ဘူး… သူ့ဘာသာ သူ့ အေးရာ အေးကြောင်း စိတ်သက် သာရာ သာ ရှာနေ သူသာ ဖြစ်ပါလိမ့်မယ်…
နံပါတ် (၂)
👉 ဆတ်ဆတ်ထိ မခံ ပြန်လှန် ပြောဆို ဖြေရှင်း ခြင်း (Aggressively)
ဒီလို အမျိုး အစား ကတော့ လူတွေကို ပွင့်ပွင့် လင်းလင်း ပြောရဲ ဆိုရဲ ရှိပါမယ်… ထိပ်တိုက် တွေ့ ရင်ဆိုင် တာတို့.. မကြောက် မရွံ့ သူထင် ရာကို တဇွတ်ထိုး ပြောဆို တတ်ပြီး လူတွေရဲ့ ခံစား ချက်တွေ ကို အလေးမပေး ပဲ သူရဲ့ ထင်မြင် ယူ ဆချက် တွေကိုသာ အတင်း ဦးစားပေး ပြော ဆို တတ်သူ ဖြစ်ပါ လိမ့်မယ်…သူဟာ ဒီလို ကဲ့ရဲ့ ဝေဖန် မှုတွေကို လည်း ခံနိုင် ဖို့ အတွက် ပြင်ဆင် ထားခြင်း မရှိသူ လည်း ဖြစ်ပါ တယ်…
နံပါတ်(၃)
👉 မိမိကိုယ်ကို ယုံကြည်မှု ရှိပြီး သိကြောင်း တတ်ကြောင်း ပြောဆို တတ်ခြင်း (Assertively)
ဒီနည်းလမ်းကတော့ အခြား သူတွေကို မထိခိုက် စေဘဲ ကိုယ့်ရဲ့ ထင်မြင် ယူဆချက်၊ တွေနဲ့ အရှိကို အရှိအတိုင်း ရိုးသား မှန်ကန်စွာ တုန့်ပြန် ဖြေရှင်း တဲ့ နည်းလမ်း ဖြစ်ပါတယ်… သူနိုင် ကိုယ်နိုင် (Win Win) အခြေအနေ ကို ရရှိစေမှာပါ…
နံပါတ် (၃) မိမိကိုယ်ကို ယုံကြည်မှု ရှိပြီး သိကြောင်း တတ်ကြောင်း ပြောဆို တတ်ခြင်း ကို အောက်ပါနည်းလမ်း (၃) မျိုး နဲ့ အသုံးပြု ကိုင်တွယ် ဖြေရှင်း နိုင်ပါ တယ်…
၁) မှားနိုင်ခြေ ရှိတာတွေကို လက်ခံခြင်း (Fogging)
၂) အမှားတွေကို လက်ခံခြင်း (Negative Assertion)
၃) ဘယ်လိုအမှားမျိုးဖြစ်နိုင်လဲ ဆိုတာကို မေးမြန်း ခြင်း (Negative Inquiry)
(ဆက်လက် မျှဝေပါမည်)
Sawcalriwin-Supervisory Excellent Modules ကောက်နှုတ် ဖော်ပြ သည်။
ကျေးဇူးတင်ပါသည်။
#MinYarSoe

No comments

Powered by Blogger.