အာရုံစိုက်မှုကို ပြောင်းလိုက်သည်နှင့် ဘဝတွေလဲ ပြောင်းလဲလာမှာပါ…
>>>>>>>>>
👉လူတစ်ခု ပူမှုရယ်နဲ့ ကုဋေကုဋာ တဲ့….
လူတိုင်းလူတိုင်းမှာ ပတ်ဝန်းကျင်၊ အပေါင်းအသင်း၊ အလုပ်၊ အိမ် နေရာတိုင်းမှာ အပူအပင်တွေ အနည်းနဲ့ အများ ရှိနေကြတဲ့ လူတွေချည်းပါပဲ…
👉လူ့ဘဝဆိုတာ တိုးတောင်းလွန်းပါတယ်… ရလာတဲ့ လူဘဝအချိန်လေးမှာ အပူအပင် အကြပ်အတည်း စိတ်မွန်းကြပ်မှုတွေ ကြားက ဘယ်လို စိတ်ချမ်းမြေ့၊ စိတ်သက်သာမှု ရအောင် ဘယ်လို ရှင်သန်ကြမလဲ…
အဓိကကတော့ ဖြစ်သွားတဲ့ အကြောင်းတရားတွေပေါ်မှာ Focus Change တတ်ဖို့လိုပါတယ်…
👉ဒါဟာ မျက်နှာလွဲ၊ ခဲပစ်၊ လစ်လှူရှုလိုက်ပြီး ကိုယ်နဲ့ မဆိုင်သလိုသဘော ထားခြင်းမျိုးမဟုတ်ပါဘူး…ဖြစ်လာတဲ့ အကြောင်းတရားပေါ်မူတည်ပြီး Negative way စဉ်းစားခြင်းမျိုး ပုံစံမဟုတ်ပဲ Positive way ပုံစံဖြစ်ပါတယ်…
👉လူတိုင်းက အကြောင်းတရားတစ်ခု ဖြစ်လိုက်ပြီဆိုတာနဲ့ Negative way အနေနဲ့ စဉ်းစားပြီး အဲဒီအပေါ်မှာ Action ယူတတ်တာများပါတယ်…
အဲလိုမဟုတ်ဘဲ Positive way အနေ့ ပြသနာရဲ့ ဇစ်မြစ်ကို ရှာတတ်ဖို့လိုပါတယ်…
ဥပမာ ဆိုရင်-
👉ကျောင်းဆရာတစ်ယောက်က စာမေးပွဲမှာ ပါနိုင်မယ့် သင်ခန်းစာတစ်ခုကို လေ့ကျင့် သင်ကြားဖို့အတွက် ကျောင်းသားတွေကို နံနက် (၉)နာရီ ချိန်းထားတာ ကျောင်းသားတွေက နံနက် (၁၀)နာရီမှ ရောက်လာတယ်ဆိုပါစို့…
👉ဒီအပေါ်မှာ ကျောင်းဆရာက နင်တို့ ဒီလောက် အရေးကြီးတဲ့ သင်ခန်းစာ သင်ဖို့ဆိုတာတောင် ဘာကြောင့် ဒီလို နောက်ကျရတာလဲ… နင်တို့ ငါ့ကို မလေးစားတာလား… ဒီအတိုင်းဆို နင်တို့ စာမေးပွဲ အောင်မှာမဟုတ်ဘူး… ဆိုပြီး နောက်ကျတဲ့ အရာကိုသာ Focus ထားပြီး ပြောဆိုပါတယ်..
👉ဒီလိုသာ ဆူပူ ကြိမ်းမောင်းနေမယ်ဆိုရင် ဆရာရော ကျောင်းသားတွေပါ စိတ်ချမ်းသာစရာ ရမှာမဟုတ်ပါဘူး… ရထားတဲ့ စာတွေတောင် မေ့သွားနိုင်ပါတယ်…
👉အဲလိုမဟုတ်ဘဲ နောက်ကျရတဲ့ အကြောင်းရင်းက ဘာကြောင့်လဲ… ဆိုတာကို Focus Change ပြီး အရင်းဆန်းစစ်သင့်ပါတယ်… နောက်တစ်ခါ ဒီလို နောက်မကျအောင် ဆရာတို့ အတူကြိုးစားကြတာပေါ့ကွာ… ဆိုရင် ဆရာရော၊ ကျောင်းသားတွေပါ စိတ်ချမ်းမြေ့စွာနဲ့ သင်ခန်းစာတွေကို လေ့ကျင့် သင်ကြား တတ်မြောက်သွားနိုင်မှာပါ…
👉ဒါက နမူနာပါ…
ဒါကြောင့်မို့ ဖြစ်ပေါ်လာတဲ့ အကြောင်းအရာ ပေါ်မှာခြုံငုံစဉ်းစားတတ်ဖို့ရယ်၊ Positive way တွေနဲ့ Focus Change တတ်ဖို့ လိုအပ်ပါတယ်...
👍အာရုံစိုက်မှုကို ပြောင်းလိုက်သည်နှင့် ဘဝတွေလဲ ပြောင်းလဲလာမှာပါ…👍
ကျေးဇူးတင်ပါသည်
#MinYarSoe #PositiveWay #FocusChange

Leave a Comment